မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅.၆.၂၀၂၅)ရက်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အဖွင့်အမှာစကား  ပြောကြားပြီး၊ မွန်ပြည်နယ်အတွင်း ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မှုများအား မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ရှင်းလင်းတင်ပြပါသည်။ ထို့နောက်တက်ရောက်လာသော ကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

အစည်းအဝေးသို့ မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနငယ်/သင်တန်းကျောင်းအုပ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။  










နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR