မန္တလေးငလျင်၏ သက်ရောက်မှုဒဏ်ကြောင့် ထိခိုက်ခံစားရသော မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်တို့တွင် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ခံစားရသောဒေသများရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်း(Psycho Social Support-PSS)ဆောင်ရွက်မည့် သူအဖွဲ့(၁၁)ဖွဲ့ အပါအဝင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှု ဝန်ထမ်းရုံးတို့မှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ Case Manager (၁၆၀)ဦး အား  စိတ်လူမှုရေးပိုင်း ဆိုင်ရာပံ့ပိုးရေးဆိုင်ရာ လုပ်ငန်းမဆောင်ရွက်မီ လူမှုဝန်ထမ်းဦးစီးဌာနနှင့် New Huminity Myanmar တို့ ပူးပေါင်း၍  စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးသင်တန်းအား ယနေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR