၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  မန္တလေးမြို့တော်စည်ပင်ခန်းမတွင် ၃.၁၂.၂၀၂၅ ရက်၊ နံနက် (၀၉း၀၀) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးမသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မသန်စွမ်းကလေးများ သင်တန်းကျောင်းနှင့် နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/ သူများနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိ အမှတ်ပြု မသန်စွမ်းပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/ သူများ၊ မသန်စွမ်းဂေဟာမှ မသန်စွမ်းသူများတက်ရောက်၍ မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ၁.၁၂.၂၀၂၅ ရက်နှင့် ၂.၁၂.၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသော မသန်စွမ်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းနှင့် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုများနှင့် ကြေးတံဆိပ်ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ UN-massage ဖွင့်လှစ်ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ Video Clip ပြသခြင်းများပြုလုပ်၍ အခမ်းအနားသို့ တက်‌ရောက်လာသူဦးရေ ၃၀၀  ဖြင့် စည်းကားသိုက်မြိုက်အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR