လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်  ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ (သစ်တပ်၊သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ)ကျေးရွာတို့၌ (၈.၅. ၂၀၂၆)ရက်နေ့၊ (၁၇:၃၀)အချိန်မှ (၁၈:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော  လေဘေးကြောင့်ပျက်စီးခဲ့သော အမိုးလန်နေအိမ်(၄၈)လုံး၊ ပြိုလဲနေအိမ်(၇)လုံးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို (၉-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၂း၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ်၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးများတွင် ကျေးရွာတာဝန်ခံများနှင့်အတူ လူနေအိမ် (၅၅)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံငွေ(၂,၄၈၀,၀၀၀ိ/-)တို့အားဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source:DDM 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR