လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် (၃.၆.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျှက်နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြည်ပအလှူရှင်များက AHA Centreမှတစ်ဆင့် လှူဒါန်းသော ယာယီစာသင်ဆောင်ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

အဆိုပါယာယီစာသင်ဆောင်သည် အလျား ၉၀ပေ ၊ အနံ ၃၀ပေရှိ  အသင့်တပ်ဆင်သုံးစွဲနိုင် သည့် ကွန်တိန်နာအဆောက်အဦဖြစ်ပြီး တည်ဆောက်ချိန် ၁၀ ရက်ခန့်ဖြင့် ဆောက်လုပ်နိုင်ကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၅‌ ဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ၅ ဆောင်စီဖြင့် စုစုပေါင်း ယာယီစာသင်ဆောင် အဆောင် ၂၀ ကို အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ဖြင့် တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR