၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ နံနက် (၀၈ : ၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Buffer Zone အတွင်း၊ မိုးဝေလမ်းနှင့် ရတီလမ်းကြား၊ ရွှေပြည်တော်ဝင်လမ်းမကြီးဘေးတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးအဖွဲ့အစည်း(၅)ဖွဲ့မှ နာယက၊ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပါဝင် စိုက်ပျိုးခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးက သတ်မှတ်နေရာများတွင် ကံ့ကော်ပျိုးပင်များဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများမှ သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်၊ ခရေ၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်းပင် စသည့်ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးပေးခဲ့ကြပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပျိုးပင်စိုက်ပျိုးမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး အရိပ်ရနှစ်ရှည်ပင်များအပါအဝင် ပျိုးပင်ပေါင်း (၁၅၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR