ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနတွင် (၁၇-၁-၂၀၂၂) ရက်နေ့ မှ (၁၅-၂-၂၀၂၂)ရက်နေ့ထိ မူကြိုပညာရေးအားစိတ်ဝင်စားသည့် ပြင်ပပုဂ္ဂိုလ် သင်တန်းသား/သင်တန်းသူ (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့သော “အသက်(၃)နှစ်မှ (၅)နှစ် ECCD အခပေး အမှတ်စဉ်(၅၀)” သင်တန်းဆင်းပွဲကို (၁၅-၂-၂၀၂၂)ရက်နေ့ နံနက် (၉:၃၀)နာရီမှ (၁၀:၃၀)နာရီအချိန်တွင် Central ECCD Resource Center ၏ သင်တန်းခန်းမ(၂)၌ ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဦးစီးမှူး နှင့် ECCD ကျောင်းအုပ်တို့မှ သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ သင်တန်းသား/သူများက ပုံပြင်၊ သီချင်း၊ အကတို့ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR