လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီမှ (၁၁:၀၀)နာရီအထိ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ ( ၂၀၀ )ဦးနှင့် နေ့လည်(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ဆရာမများ၊ မှုကြိုကလေး( ၁၀၀ )ဦးတို့အား ဦးစီးဌာနမှလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှု အကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခုလတ်တလောဖြစ်ပွားလျက်ရှိသော မီးဘေး၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင်၍ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်နှင့်ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR