၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၂၇.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက/ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းမှူး၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊  တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ၊  ဖျော်ဖြေရေးအဖွဲ့များ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။

        အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက် ရှိ အမျိုးသမီးသင်တန်းကျောင်းများမှ ကျောင်းသူများကို ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများချီးမြှင့် ခဲ့ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု” အထိမ်းအမှတ် Video Clip ပြသခြင်း၊  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးများပြုစုစောင့် ရှောက်ရေးစင်တာ (ရွှေပြည်သာ)ရှိ ကျောင်းသူများမှ တေးသီချင်းများဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (မလိခ)မှ ကျောင်းသူလေးများက မြန်မာ့သိုင်းအကဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။

        ဆက်လက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များတစ်ဖွဲ့လျှင် ကျပ်၂၀၀,၀၀၀နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယကကြီးမှ ဂုဏ်ပြုဆုငွေကျပ်၂၀၀,၀၀၀၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌမှ ဂုဏ်ပြုဆု ငွေကျပ်၂၀၀,၀၀၀၊ ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အမျိုးသမီးသင်တန်းကျောင်းများမှ ထွက်ကုန်ပစ္စည်းများနှင့် အမျိုးသမီး အဖွဲ့အစည်းများမှ ဖွင့်လှစ်ရောင်းချသော စားသောက်ဆိုင်ခန်းများနှင့် ထုတ်ကုန်ပစ္စည်း ခင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။




 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR