(၁၈.၅.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးများအား ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လေ့ကျင့်ရေးအစီအစဉ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းကျောင်းများတွင်ပြုစုစောင့်ရှောက်ထားသော ကလေးများကို ရပ်ရွာလူထုအတွင်း အဆင်ပြေပြေ ပြန်လည်ဝင်ဆံ့ပေါင်းစည်း နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်များကိုဖေါ်ထုတ်ပြီး အချိန်ကာလတစ်ခုသတ်မှတ်၍ စနစ်တကျ လေ့ကျင့်ပေးရေး အစီအစဉ်တစ်ရပ်ချမှတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သင်တန်းကျောင်းမှ ကလေးများအား ရပ်ရွာလူထုအတွင်း အဆင်ပြေပြေ ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှုးကပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်ဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှုးနှင့် တာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ဦးစီးမှူးများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ လူမှုရေးပညာရှင်များ၊ မိသားစုရှာဖွေပေါင်းစည်းခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်း အတွေ့အကြုံရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြင်ပရပ်တည်တော့မည့် သင်တန်းကျောင်းများမှ ကလေးများအား Preparation Stage, Supervised Independent Living Stage, Group Home Stage, Reintegration Stage များဖြင့် အချိန်ကာလသတ်မှတ် လေ့ကျင့်ပေးရန်ဖြစ်ပြီး ကလေးများ၏လိုအပ်ချက်များ၊ လေ့ကျင့်ပေးမည့်အစီအစဉ်များ၊ ကြီးကြပ်သူများအတွက် နည်းပညာပံ့ပိုးမှုများ၊ ကလေးများဘဝရပ်တည်ရေးတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ဝန်ဆောင်မှုရနိုင်မည့်နေရာများကို ဖော်ထုတ်ရေးဆွဲကြရန်ဆုံးဖြတ်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR