လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်း စီမံချက်အား ပြည်ထောင်စုအဆင့် အဓိကဆက်စပ်ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာထမ်းများ အနေဖြင့် ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့်ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ သိမြင်နားလည် သဘောပေါက်စေရန်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်  ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်အရာထမ်းများအား ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန်၊ မိမိလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ရှိမှုများကို သိမြင်နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆင့်ရှင်းလင်းပို့ချနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား (၂၈.၄.၂၀၂၂) ရက်နေ့၊ နံနက် ၁၀:၀၀ တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနခွဲအလိုက် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော သိသင့်သိထိုက်သည့် အခြေခံဗဟုသုတများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြပါသည်။  ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများက စီမံချက်ပါ အသိပညာပေးလုပ်ငန်းစဉ်များအား ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများမှ ရှင်းလင်းမြင်သာစွာသိရှိပြီး ပြည်သူလူထူအား ထပ်ဆင့်မျှဝေနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR