အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

အောက်တိုဘာလ (၁၁) ရက်၊ နေပြည်တော်

အာဆီယံဒေသတွင်းပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏အန္တရာယ်ကြောင့်ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေးလိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာအမျိုးသားအဆင့်ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးယာယီတာဝန်ခံနှင့် ကိုရီးယားသမ္မတနိုင်ငံနှင့် လာအို နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကူညီထောက်ပံ့ပေးရေးကွန်ရက် (Victim Assistance Network) တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ မိုင်းအန္တရာယ်ဆိုင်ရာ အစီ အစဉ်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် နိုင်ငံတကာမိုင်းလှုပ်ရှားမှုစံသတ်မှတ်ချက်တို့ကို သိရှိနားလည်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ပေါက်ကွဲစေတတ်သောစစ်ကျန်လက်နက်ပစ္စည်းများကြောင့်ထိခိုက်ခံစားနေရသူတို့၏ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတို့နှင့်စပ်လျဉ်းပြီး အားသာချက်၊ အားနည်းချက်တို့ကို ရှာဖွေဖော်ထုတ်၍ ပိုမို ကောင်းမွန်သောလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ်ထိခိုက်ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုရာထိခိုက်မှုများရှိပါကြောင်း၊ ယင်းသို့ ထိခိုက်မှုများကြောင့် ၎င်းတို့၏ မိသားစု၊ ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုများရှိပါကြောင်း၊ အဆိုပါအခြေအနေများကို လိုက်လျောညီထွေဖြစ်နိုင်ရန် ၎င်းတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်လာစေရန် အထောက်အပံ့ပေးရေး လုပ်ငန်းအစီအစဉ်တို့ကို ပိုမို မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း တစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကို ပြန်လည်ထူထောင်ပေးခြင်းသည်ရေရှည်လုပ်ဆောင်ရမည့်ကိစ္စတစ်ရပ်ဖြစ်ပြီး ခွဲစိတ်ကုသခြင်း၊ ခွဲစိတ်ကုသပြီးနောက် နောက်ဆက်တွဲစောင့်ရှောက်ခြင်း၊ အထောက်အကူပြုပစ္စည်းကိရိယာများပံ့ပိုးခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံးဖြင့်ကုသခြင်း၊ အသက်မွေးဝမ်း ကျောင်းသင်တန်းဖွင့်လှစ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းနှင့် နာကျင်ခံစားမှုလျော့ နည်းစေရန်ဆောင်ရွက်‌ပေးခြင်းစသည့် ဝန်ဆောင်မှုများလိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အရေးကြီးသည့်အချက်ဖြစ်သည့် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု၏ အခြေခံအချက်အလက်များရရှိရေးအတွက် ကွင်းဆင်းလေ့လာခြင်းကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေး‌ဆေးရုံ(ရန်ကုန်)၌လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း(ရန်ကုန်)၌လည်းကောင်းဆောင်ရွက်ခဲ့ပြီး မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူ များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ထိခိုက်ခံစားရသူများအား တွေ့ဆုံမေးမြန်းခြင်းများကိုလည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူအစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများမှ ထိခိုက်ခံစားနေရသူများအတွက် ဝန်ဆောင်မှုပေးနေသူများနှင့် သွားရောက် တွေ့ဆုံခြင်း၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား တွေ့ဆုံမေးမြန်းခြင်း၊ အဖွဲ့လိုက် ဆွေး နွေးခြင်းများကိုလည်းပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့်အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်များကိုအခြေခံ၍ ပေါက်ကွဲစေတတ်သော လက်နက် ပစ္စည်းများကြောင့် ထိခိုက်ခံစားနေရသူများအတွက် ပိုမိုကောင်းမွန်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

           ဆက်လက်၍  အာဆီယံဒေသတွင်း  မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ   အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Rothnia Buth က  အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာတွင် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်းသည့်  နိုင်ငံတကာ မိုင်းလှုပ်ရှားမှုစံသတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။                                                                                                                                                                                                                            

     ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးအစည်းအဝေးကို

ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

MOS

DSW

DDM

DOR