ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂/၃-၈-၂၀၂၃)ရက်နေ့တို့တွင် မုဒုံမြို့နယ်အတွင်း မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ မုဒုံမြို့နယ်၊ ကလေ့ာသော့ကျေးရွာရှိ အိမ်ထောင်စု(၁၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၅,၀၀၀/-)၊ လူဦးရေ(၅၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၁၃,၄၀၀/-)အားလည်းကောင်း၊ တောင်ပကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀,၀၀၀/-)၊ လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၃,၅၀၀/-)တို့အား လည်းကောင်း၊ မြို့မ(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅,၀၀၀)၊လူဦးရေ(၂၃)အတွက် ဆန်ရိက္ခာဖိုးငွေ(၄၈,၃၀၀)အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၉၀၅,၂၀၀)အား (၃-၈-၂၀၂၃)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR