ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

နေပြည်တော်၊ ဇွန် ၈

အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂) ကြိမ် ပုံမှန်အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သော စင်္ကာပူနိုင်ငံ က Online ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆက်စပ်အစည်းအဝေးများ၏ ပထမနေ့တွင်  သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန် ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်၏လုပ်ငန်းအစီအစဉ် (AADMER Work Programme– AWP) (၂၀၂၁-၂၀၂၅)နှင့် (၆)ကြိမ်မြောက် AADMER Partnership ကွန်ဖရင့်နှင့် (၁၄) ကြိမ်မြောက် သဘာဝ ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကို (၈-၆-၂၀၂၁)ရက်နေ့၊ (၀၈:၃၀) အချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံး၊ AHA Centre၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၏ နံနက်ပိုင်းတွင် AHA Centre နှင့် Temasek Foundation Ltd. တို့အကြား သဘောတူ ညီမှုစာလွှာလက်မှတ်ရေးထိုးခြင်း၊ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ သဘောတူစာချုပ်၏လုပ်ငန်းအစီအစဉ် (AADMER Work Programme– AWP) (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ကဏ္ဍအလိုက် မိတ်ဖက်အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် (၁၄) ကြိမ်မြောက် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) ၏ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ AHA Centre ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ AHA Cenrtre ၏ (၁၀) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်နိုင် ရေးနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR