ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီးကျေးရွာအုပ်စု၊ ပေချောင်းကျေးရွာ၌ (၅-၂-၂၀၂၄)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သော နေအိမ် (၇)လုံး၊ အိမ်ထောင်စု(၇)စုမှ ဘေးသင့်လူဦးရေ (၃၃)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၇)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၆၉၃၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀ဝိ/-)၊ စုစုပေါင်း မီးဘေးထောက်ပံ့ရန်ပုံငွေ (၇၆၉၃၀ဝိ/-) ကျပ်တိတိအား (၆-၂-၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီချိန်တွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR