ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံ အတွင်း စစ်ဖြစ်ပွားမှုကြောင့် အခက်အခဲကြုံတွေ့နေရပြီး နေရပ်ပြန်မည့် မြန်မာနိုင်ငံသား (၃) ဦးအား (၁-၁၁-၂၀၂၃)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် ဗန်ကောက်မှ ရန်ကုန်သို့ လေကြောင်း အမှတ်(8M-334)(MAI)ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေကြောင်း ရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းကြိုဆိုခဲ့ပြီး အဆိုင် မြန်မာနိုင်ငံသား(၃)ဦးအနက်မှ ကချင်ပြည်နယ်(၁)ဦး၊ ရှမ်းပြည်နယ်(၁)ဦး၊ ရန်ကုန်မြို့(၁)ဦး၊ စုစုပေါင်း (၃)ဦးတို့အား ၎င်းတို့၏ မိဘဆွေမျိုးများမှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လာရောက် ကြိုဆိုခေါ်ဆောင်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR