ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီအဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသို့ COVID-19 ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်  အသိပညာပေးခြင်း၊ နှာခေါင်းစည်း Masks များ ဝေငှပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ (မိုးကြိုး/လျှပ်စီးဘေး)ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR