ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ငါ့နန်းကျေးရွာ၊ မြစ်သာကျေးရွာ၊ဆီမီးခုံအမှတ်(၃)ရပ်ကွက်တို့၌ (၁၈-၄-၂၀၂၂)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ စုစုပေါင်းလူဦးရေ(၄၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၀,၀၀ဝ/-)၊ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၈,၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁၈,၂၀ဝ/-)ကျပ်တို့အား (၂၆-၄-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:         DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR