ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၂) ရက်နေ့၌   ပန်းတနော်မြို့နယ်၊ ​ဓနော်ကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုကျနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၈)လုံး၊  အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ(၁) ပုံးနှင့် Surgical Mask (၇၆)ခု၊ ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၈)လုံးအတွက်(၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၇၉,၈၀၀) ကျပ်၊ စုစုပေါင်းတန်းဖိုးငွေ (၅၇,၉၈၀၀) ကျပ်အား ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒုတိယမြို့နယ်အုပ်ချုပ်ေရးမှူးနှင့်အတူ ကျေးရွာမှ တာဝန်ရှိသူများရှေ့မှောက်၌ (၂၅-၄-၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR