ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၃-၉-၂၀၂၁)ရက်နေ့ (၀၉:၁၀)ချိန်တွင် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်ကွက်(၉)၊ နယ်မြေ(၁)နေ ဦးကျော်ဝင်း(၆၅)နှစ်(ဘ)ဦးထား၏နေအိမ် အထက်ဘက် ကုန်းမြင့်ကမ်းပါးယံမှ မြေသားများပြိုကျမှုကြောင့် ၎င်းနေအိမ်တစ်ဝက်ပေါ် မြေသားများ ဖုံးလွှမ်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၂,၀၀ဝ,၀၀၀/-)​​ခန့် ဖြစ်ကြောင်းနှင့် ၎င်းမြေပြိုဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ ကျပ်(၉၀,၀၀၀/-)၊ ဘေးသင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၅,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၅,၂၀၀/-)အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက (၂၄-၉-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR