အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း ၁၅ မေ ၂၀၂၄ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရိုးလေးဝကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ရေဖျင်းကျောင်းကျေးရွာ၊ ရေကျော်(အရှေ့)ကျေးရွာများ၌ မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။Source: DDM
မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၂၈ အောက်တိုဘာ ၂၀၂၅
မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီး ကျေးရွာအုပ်စုနှင့် ဝက်သေကျေးရွာအုပ်စုတို့တွင် လေဘေးထောက်ပံ့မှုသတင်း ၂၃ အောက်တိုဘာ ၂၀၂၅
မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၂၂ အောက်တိုဘာ ၂၀၂၅
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာတွင် မိုးကြိုးဘေး ထောက်ပံ့မှုသတင်း ၂၂ အောက်တိုဘာ ၂၀၂၅