ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၁-၂၀၂၅) ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(ရွှေတော)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းဆရာ/မ (၁၁)ဦးနှင့် ကျောင်းသား/သူ (၁၁၀)ဦး၊ စုစုပေါင်း (၁၂၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင် (၄၅၀)စောင်အား ကျောင်းသား/သူများ ထံ ဝေငှပေးခြင်း၊  ကျောင်းစာကြည့်တိုက်အတွက် ရေဘေး (တိုင်းရင်းသားဘာသာစကား) လက်ကမ်းစာစောင် (၁၀၀) စောင်ပေးအပ်ခြင်း၊ ​ကျောင်းဝန်းအတွင်း ရေဘေးအသိပညာပေး (၄ x ၅) ပေ ဗီနိုင်းပိုစတာ ကပ်နှံနိုင်ရေးအတွက် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

Source:   DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR