ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကိုးပင်ကျေးရွာနှင့် ဂွေးတောက်ကျေးရွာအုပ်စု၊ ‌(မြောက်စမ်း၊ မျှော့ထူ) ကျေးရွာတို့၌ (၂၅-၄-၂၀၂၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၁၃၅,၀၀၀/-)၊ အိမ်ထောင်စု(၈)စုမှ စုစုပေါင်းလူဦး‌ရေ (၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈,၈၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၃,၈၀၀/-) ကျပ်တို့အား(၂၆-၄-၂၀၂၃) ရက်နေ့ (၁ဝး၅၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR