ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့ရှိ “လူငယ့်အားမာန်”သင်တန်း ကျောင်းခန်းမ၌ ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC)(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို (၂၄-၃-၂၀၂၆) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ခရိုင်နှင့်မြို့နယ်အဆင့်တို့၌ ဖွဲ့စည်းထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အသီးသီးတွင် ပါဝင်တာဝန်ယူဆောင်ရွက်နေသော ဌာနဆိုင်ရာများမှ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ (၂၄-၃-၂၀၂၆) ရက်နေ့မှ (၂၆-၃-၂၀၂၆) ရက်နေ့အထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR