ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁၂-၂၀၂၁) ရက်နေ့၌  တောင်ငူမြို့နယ်အဆင့် ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Simulation Exercise In Taungoo) ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ ဥက္ကဌနှင့် မြို့နယ်စီမံရေးအဖွဲ့ အဖွဲ့ဝင် ၁  တို့မှ အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းကို တပ်မတော်၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း (၄၅) ဦး တက်ရောက် ဆောင်ရွက်ခဲ့ကြပါသည်။  ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းတွင် တောင်ငူမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အသီးသီးတို့မှ ငလျင်ဘေးကျရောက်ချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဖော်ထုတ်ဆွေးနွေးခြင်းကို လည်းကောင်း၊ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်၍ လုပ်ငန်းအဖွဲ့ အသီးသီး တို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အားသာချက်၊ အားနည်း ချက်၊ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


Source: DDM


နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR