ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် တိုက်ပွဲ ရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၈)စု၊ လူဦးရေ (၂၇၇) ဦးနှင့် ကန်စောက်တိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ(၄၇၃)ဦး စုစုပေါင်းအိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၃၄)အိတ် (၉)ပြည်အား ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စခန်းတာဝန်ခံကော်မတီများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR