ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ရေရှားပါးပြတ်လတ်ပြီး သောက်သုံးရေ အမှန်တကယ်ရှားပါးသည့်ဒေသများသို့ ဖိုက်ဘာရေတိုင်ကီများလှူဒါန်းခဲ့ရာ (၁၆-၉-၂၀၂၂)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အ.မ.က (ဘူတာ)​ကျောင်း၌ သောက်သုံးရေသိုလှောင်ထားရှိနိုင်ရန်အတွက် (၂၄၀၀)ဂါလံဆံ့ ဖိုက်ဘာရေတိုင်ကီတပ်ဆင်ခြင်းနှင့် Logo Sticker တပ်ဆင်ခြင်းအားလည်းကောင်း၊ (၁၇-၉-၂၀၂၂)ရက်နေ့တွင် ပေါင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ၌ သောက်သုံးရေသိုလှောင်ထားရှိနိုင်ရန်အတွက် (၂၄၀၀)ဂါလံဆံ့ ဖိုက်ဘာရေတိုင်ကီတပ်ဆင်ခြင်းနှင့် Logo ticker တပ်ဆင်ခြင်းအားလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR