ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၁)ရက်နေ့(၁၈:၄၅)နာရီ  အချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာအုပ်စု ကတိုက်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်(၃)လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၄၈,၀၀ဝ/-)နှင့်လူဦးရေ စုစုပေါင်း (၈၂)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၂,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၂၀,၂၀ဝ/-)ကျပ်အားလည်းကောင်း ပြိုကျပျက်စီး လူနေအိမ် (၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအိမ်ထောင်စု(၃)စုစတန်ဖိုးငွေ (၁၃၈,၁၀၈/-)ကျပ်အားလည်းကောင်း (၈-၇-၂၀၂၁)ရက်နေ့ (၁၅:၃၀)နာရီ အချိန်ခန့်တွင် ကတိုက်ကြီးကျေးရွာဘုန်းကြီးကျောင်း၌ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR