လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၂၅)ရက်နေ့၊(၁၀:၀၀)အချိန်မှ (၁၂:၀၀)အချိန်ထိ ဘားအံမြို့၊ မဟာမြကျွန်း သာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ(၁၀)ဦး၊ကျောင်းသား/သူ (၁၂၄)ဦး၊ စုစုပေါင် း(၁၃၄)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား/သူများထံ ဝေငှခြင်းအားလည်းကောင်း၊ ကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက် မီးဘေးအသိပညာပေး (၄x၅)ပေ ဗီနိုင်းပိုစတာအား လည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။
Source: DDM

