လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၄) ရက်နေ့တွင် လေးမျက်နှာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးဗွီနိုင်းပိုစတာဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM