ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊သုံးခွရပ်ကွက်၊ သစ္စာလမ်းတွင် (၁၁-၂-၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၄)လုံးမီးဘေးသင့်ခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၅)ဦးတို့ မီးဘေး သင့်ခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ် (၄)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၈၀၀,၀၀၀/-)၊ လူဦးရေ(၁၅)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၃၁,၅၀၀/-)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေကျပ်(၅၀,၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စု (၃)စုအတွက် ဆပ်ပြာ(၃)တောင့်၊ လူဦးရေ(၁၅)ဦးအတွက် Mask (၃၀)ခုတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၄-၂-၂၀၂)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR