ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့(၁၈း၁၅)ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ ​မန်အိုင်ကျေးရွာနေ ဒေါ်နှင်းဝေ(ဘ)ဦးစိုး​မြင့် ၊ဗမာ/ဗုဒ္ဓ ကျောင်းဆရာမ၏​ သွပ်မိုး၊ ထရံကာနေအိမ် အနောက်ဘက်ရှိ အုတ်တံတိုင်းပြိုကျခဲ့ပြီး ​နေအိမ်အတွင်းသို့ ရေများဝင်ရောက်ခဲ့သဖြင့် အုတ်ဖြင့်ကာရံထားသော အိမ်ခန်း(၃)ခန်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၃၀၀ဝ၀၀၀ိ/-)​​ဖြစ်ကြောင်းနှင့် ၎င်းဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ(၉၀၀၀၀ိ/- )၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ ငွေ(၈၄၀၀ိ/-)စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀၀ိ/-)အား  (၂၁-၉-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။


23-9-2021

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နေစဉ်

 
Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR