ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းတကောကျေးရွာအုပ်စု၊ ​ရေလယ်ချောင်းကျေးရွာ၌ (၃-၂-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၈,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၁၈,၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံး(၁၈)မျိုးပါ (၁)ပုံးတို့အား (၄-၂-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ််ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:EOC

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR