လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊
ထုံးမကြီးကျေးရွာတွင် (၂၇-၈-၂၀၂၁)ရက်နေ့၌ အိမ်ထောင်စု (၁၀၀)စုမှ
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နွား (၃၂၀)ကောင်၊ ကျွဲ (၂၀)ကောင်၊ ဝက်(၁၅)ကောင်
စုစုပေါင်း (၃၅၅)ကောင်တို့ ပြောင်းရွှေ့ရာတွင် အဆိုပါတိရိစ္ဆာန်များ
ထိန်းကျောင်းရန်အတွက် အိမ်ထောင်စု (၁၀၀)စုမှ လူဦးရေ (၉၆)ဦးတို့အတွက်
ဆန်ရိက္ခာဖိုး (၂၀၁,၆၀၀ိ/-)နှင့် Mask (၁၀၀)ခုတို့အား (၂၇-၈-၂၀၂၁)ရက်နေ့
(၁၃း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့
ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် (၈)
၂၇ စက်တင်ဘာ ၂၀၂၄
ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ်(၇)
၂၅ စက်တင်ဘာ ၂၀၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
၂၄ စက်တင်ဘာ ၂၀၂၄