ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ပြည်ဝင်ခွင့် ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ခြင်းကြောင့် ထိန်းသိမ်း ခံထားရပြီး (၃၁-၃-၂၀၂၂) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံမှ မင်္ဂလာဒုံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ BM 502 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (၁) ဦးအားသွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ကျားလုံချည် (၁)ထည်၊ တီရှုပ် (၁)ထည်၊ မျက်နှာသုပ်ပဝါ(၁)ထည်၊ ဆပ်ပြာ(၁)တောင့်နှင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိရန်အတွတ် ခရီးစရိတ်၊ စားစရိတ် စုစုပေါင်း (၁၅,၀၀၀/-) ကျပ်တို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။


Source:        DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR