ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၀၈:၅၀) နာရီအထိ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၅၀)ဦးတို့အားလည်းကောင်း၊ နံနက် (၀၉:၀၀) နာရီမှ (၀၉:၅၀) နာရီအထိ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်း ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာ၊ မြို့ဦးဘုန်းကြီးကျောင်း၌ ကျေးရွာနေပြည်သူ (၁၅၀)ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၀:၀၀)နာရီမှ (၁၁:၀၀) နာရီအထိ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ မှော်ကျွန်းစုကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၅၀)ဦးတို့အား လည်းကောင်း၊ စုစုပေါင်း ကျေးရွာနေပြည်သူ (၄၅၀)ဦးတို့အား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးမှုအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှဦးဆောင်၍ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source:  DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR