ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌  မိုးသည်းထန်စွာရွာသွန်းပြီး     မိုးကြိုးပစ်မှုကြောင့် ဒေါ်‌ကျော့ကျော့ခိုင် (၂၃)နှစ်၊ (အဘ)ဦးမောင်ညိိုသည် မိုးကြိုးထိမှန်သေဆုံးခဲ့‌ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့ ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ  မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့် ကျန်ရစ်သူမိသားစုဝင်များထံသို့  ထောက်ပံ့ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR