သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
                                  
                                    ၂၂ ဇွန် ၂၀၂၂                                   
                                  
                                 
                               
                             
                            လူမှု၀န်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၂) ရက်နေ့တွင် လပွတ္တာခရိုင်၊
သုံးမိုင်မြို့သစ်၊ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌
သင်တန်းဆရာမ (၁၀) ဦး၊ သင်တန်းသူ (၃၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးခဲ့ပြီး
ငလျင်ဘေးအန္တရာယ်တုံ့ပြန်ရေး လက်တွေ့သရုပ်ပြခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း
များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:         DDM