ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရေဘေးအတွတ် ထောက်ပံ့ရန် ဗဟိုသိုလှောင်ရုံ (ရန်ကုန်) မှ စောင် (၅၀၀)ထည်၊ နှစ်ယောက်အိပ်ခြင်ထောင် (၅၀၀)လုံး၊ တာပေါ်လင် (၁၀)လိပ်၊ အဝတ်နှာခေါင်းစည်း (၁၅၀၀၀)ခု၊ ဆပ်ပြာ (၁၀၀၀) တောင့်နှင့် အသင့်စားခေါက်ဆွဲခြောက် (၁)ဖာလျှင် အထုပ်(၃၀)ထုပ်ပါ ဖာ(၅၀၀) တို့ကို ရန်ကုန်မြို့မှ ယာဉ်အမှတ် YGN/2E-7551 (၆) ဘီးယာဉ်ဖြင့် (၂၈-၇-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ပို့ဆောင်ပေးခဲ့ပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR