ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၇.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ (၁၀:၀၀)အချိန်ထိ ကော့ကရိတ်မြို့၌ ကော့ကရိတ်ခရိုင်/မြို့နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု‌‌ကော်မတီ၏ ဦးဆောင်မှု ဖြင့် ဒေါနခန်းမတွင် ဌာနဆိုင်ရာ ကျား(၁၅)ဦး၊ မ(၁၉)ဦး၊ ပြည်သူကျား(၆၀)ဦး၊ မ(၇၆)ဦး၊  စုစုပေါင်း (၁၇၀)ဦးတို့ အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး  ဘေး(၉)မျိုး၊ လက်ကမ်း စာစောင် (၃၀၀) စောင်အား ဖြန့်ဝေပေးခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR