ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာအုပ်စုတို့တွင် (၃.၅.၂၀၂၆)ရက်နေ့၊ (၁၈:၅၀)အချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံးနှင့် အမိုးလန်နေအိမ်(၃၁)လုံး ပျက်စီးခဲ့သည့်အတွက် သွားရောက် ထောက်ပံ့နိုင်ရေး ဆောင်ရွက် ခဲ့ရာ (၄.၅.၂၀၂၆)ရက်နေ့ (၁၅:၀၀)အချိန်တွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဦးထွန်းထွန်း၊ နေပြည်တော် ဘေး/စီမံဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးစဝီလီဖရန့် ၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများမှ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်း(မ)ကျေးရွာ၌ လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက် (၂၀၀,၀၀ဝိ/-)ကျပ်၊ အမိုးလန်နေအိမ်(၂၉)လုံးအတွက် (၁,၄၅၀,၀၀ဝိ/-)နှင့် သပြေတန်း ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၌ အမိုးလန်နေအိမ်(၂)လုံးအတွက် (၁၀၀,၀၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၇၅၀,၀၀၀/-)အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR