ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၇-၇-၂၀၂၁)ရက်နေ့၌ လေးမျက်နှာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေကြောင့် ရေကြီးနစ်မြုပ်သဖြင့် ကျားကိုက်ဘုန်းကြီးကျောင်းနှင့် စောပြာလမ်းဘေးရှိ ဂိုဒေါင်တို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၅၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀၇၁၀၀/-)ကျပ်နှင့် ရေကြီးမှုကြောင့် ချောင်းရိုးတစ်လျှောက် မျောပါသွားသူ (၂)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်နှင့် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၁၃၄၀၀/-)ကျပ်တို့အား (၃၁-၇-၂၀၂၁)ရက်နေ့(၁၁း၃၀)အချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများu လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR