လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက်၊ (၄)လမ်း၌ (၃-၁၂-၂၀၂၄) ရက်နေ့ (၀၅း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ တန်ဖိုး(၁၅၇,၃၃၈ိ/)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (စက္ကူပုံးပါ)(၁)ပုံး၊ စုစုပေါင်းလူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀,၅၀၀ိ/-)ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၆၇,၈၃၈ိ/-)ကျပ်တို့အား (၄-၁၂-၂၀၂၄)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM