ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် (၁-၈-၂၀၂၁) ရက်နေ့တွင် ချောင်းကြီးဘုန်းကြီးကျောင်း ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၁) စု၊  လူဦးရေ (၇)ဦး၊  မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေး စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၉၁)ဦး၊ ( ၂-၈-၂၀၂၁)ရက်နေ့တွင် ချောင်းကြီး ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၂)ဦး၊ မြန်မာအင်းတော်ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂)စု၊ လူဦးရေ( ၆)ဦး၊ စုစုပေါင်းအိမ်ထာင်စု (၄၄)စု၊ စုစုပေါင်းလူဦးရေ (၂၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၅၃,၆၀၀/-)ကျပ်တို့အား (၂-၈-၂၀၂၁) ရက်နေ့ (၁၅းဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM




နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR