ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒြာ(၁၂)လမ်း (၁၂-၁-၂၀၂၄)ရက်နေ့(၀၉:၁၀)အချိန်ခန့်တွင် ဖိနပ်ကော်အား ဓါတ်ဆီဖြင့် ရော၍ မော်တာဖြင့် ရောမွှေနေစဉ် မော်တာဂျန့်ဖြစ်ကာ မီးပွားထွက်ပြီး ဓါတ်ဆီနှင့် ဖိနပ်ကော်ရောမွှေထားသော ပုံးအတွင်း မီးပွားကျ၍ မီးလောင်မှုကြောင့် နေအိမ်(၄)လုံး လုံးပျက်စီးခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁,၂၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၂,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၁၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ် ဆပ်ပြာ(၁)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်းဖိုး (၇၉,၂၆၀/-)တို့အား (၁၅-၁-၂၀၂၄) ရက်နေ့(၁၃:၀၀)အချိန်နာရီတွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR