ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်း‌ဒေသကြီး အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာအုပ်စု၊ ကျောက်ဖြူကုန်းကျေးရွာ၊ အုတ်နှံ ဘုတ်ကျေးရွာ၊ စည်ပင်သာကျေးရွာ၊ ဂဋုံကုန်းကျေးရွာအုပ်စု၊ ဂဋုံကုန်းကျေးရွာ၊ ရွာမကျေးရွာ၊ အုတ်မြေကန်ကျေးရွာ၊ သဲတောကျေးရွာ၊ မြင်သာကျေးရွာ၊ ပျော်ဘွယ်လေးကျေးရွာ၊ ရှင်းမြို့ ကျေးရွာ၊ ခါးကော့ကျေးရွာ စုစုပေါင်းကျေးရွာအုပ်စု (၂)နှင့် ကျေးရွာ(၁၁)များသို့ (၁၃-၉-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Source:   DDM


နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR