ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့နှင့် ဝန်ထမ်းများ၊  ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် (၁.၉.၂၀၂၆) ရက်​နေ့၌  ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥတို့ကို အိမ်ထောင်စု (၂၁၂)စု၊ လူဦးရေ (၉၄၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄
,၇၄၀,၀၀ဝိ/-)အားလည်းကောင်း၊ ရွှေယဉ်မျှော် ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတွင် အိမ်ထောင်စု (၁၄၁)စု၊ လူဦးရေ (၇၁၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃,၅၇၅,၀၀ဝိ/-)အား လည်းကောင်း၊ လေသာဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၁၈၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၉၃၀,၀၀ဝိ/-)အားလည်းကောင်း၊ အထက(၃) ယာယီရေဘေး ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၀၂)စု၊ လူဦးရေ (၈၉၄)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၄,၄၇၀,၀၀ဝိ/-) အားလည်းကောင်း၊   ပြည်နယ်ကမ္မဌာန်း ကျောင်း ယာယီရေဘေး ကယ်ဆယ် ရေးဘေးစခန်းတွင် အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၇၄)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၃၇၀,၀၀ဝိ/-)အား လည်းကောင်း၊ အစ္စလာမ်ဗလီ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၁)စု၊ လူဦးရေ (၈၆)ဦးအတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုးငွေ (၄၃၀,၀၀ဝိ/-)အားလည်းကောင်း၊ (၂.၉.၂၀၂၆) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR