ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၃-၇-၂၀၂၁ ရက်နေ့၊ (၁၈:၃၀) အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်စိုင်းကျေးရွာတွင် မီးဖိုမီးမှတဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ အလျား(၂၈)ပေ၊ အနံ (၁၅)ပေ၊ ပျဉ်ထောင်နှစ်ထပ်အိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ ကျား(၂)ဦး၊ မ(၄)ဦး၊ စုစုပေါင်း (၆)ဦး မီးဘေးသင့်ခဲ့ရာ နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၀၀,၀၀ဝိ/-)၊ လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုး (၁၂,၆၀ဝိ/)နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးတို့အား (၁၄-၇-၂၀၂၁)ရက်နေ့၊ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source:DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR