ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်​၊ မဲ့​ထော်​သ​လေး​ကျေးရွာအုပ်​စု၊​ မေတ္တာလင်းမြိုင်​ကျေးရွာနှင့်​ ဖလူး​ကျေးရွာအုပ်​စု၊ အင်​ကြင်းမြိုင်​ကျေးရွာတို့မှ မြဝတီမြို့၊ အမှတ်​(၄)ရပ်​ကွက်​၊​ ကျောက်​လုံးကြီးဘုန်း​တော်​ကြီး​ကျောင်းနှင့် ​မဟာစည်​ဘုန်း​တော်​ကြီး​ကျောင်းများသို့ တိုက်​ပွဲ​ရှောင်​ရောက်​ရှိလာ​သော အိမ်​ထောင်​စု (၂၇)စုမှ ကျား (၅၆)ဦး၊ မ(၉၆)ဦး စုစု​ပေါင်းလူဦး​ရေ (၁၅၂)ဦး အတွက် ​(၇)ရက်​စာ ဆန်​ဘိုး​ထောက်​ပံ့​ငွေ (၃၁၉၂၀၀/-)ကျပ်​နှင့်​ Mask များအား မြဝတီခရိုင်​စီမံအုပ်​ချုပ်​ရေးအဖွဲ့တာဝန်​ရှိသူများ နှင့်​အတူ (၂၇-၁၂-၂၀၂၁) ရက်​နေ့ (၁၃:၃၀)နာရီအချိန်​တွင်​ သွား​ရောက်​ထောက်​ပံ့ပေးခဲ့ပါ​သည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR