ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထွေ/အုပ်၊ ကျန်းမာ​ရေး၊ မီးသတ်၊ ပြန်/ဆက်၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၈-၂-၂၀၂၄)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်အထိ မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု/ရွာရှိ သရက်တပင် (အ.ထ.က)၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ အင်အား(၁၂၀)ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ဆောင်ရွက်ပြီး ဘောပင်များ၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ မြေပြိုဘေး၊ လေပြင်းဘေး၊ ငလျင် ဘေးဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR